1 Click Download [Yangonthar]

Ubuntu ဆိုသည်မှာ !!!!!


Ubuntu ဆိုတာ  Free & Open Source Operating System တစ်ခုဖြစ်ပါတယ်။Ubuntu Developer တွေဟာ အသုံးပြုဖို့ လွယ်ကူပြီး ၆ လ တစ်ခါပုံမှန် Update ပေးနိုင်မယ့်
 Linux Distribution တစ်ခု ထွက်ရှိနိုင်ဖို့ ကြိုးစားရင်းက Ubuntu ဆိုပြီးမွေးဖွားလာခြင်းဖြစ်ပါတယ် ။
Ubuntu ကို တောင်အာဖရိက စွန့်ဦးတည်ထွင်သူ တစ်ဦးဖြစ်တဲ့ Mark Shuttleworth
ပိုင်ဆိုင်တဲ့ အမေရိကန် အခြေစိုက် Canonical Company မှ Develop လုပ်ပါတယ် ။


Releases
! Ubuntu ကို ခြောက်လ တစ်ခု Update ပေးပြီး Version Number ကို “ ထွက်ရှိသည့်
နှစ်.ထွက်ရှိသည့် လ “ ဖြင့် ပေးပါသည် ။ ဥပမာ ၂၀၁၂ လေးလပိုင်းက ထွက်ရှိခဲ့သော Version ကို
12.04 ဟုလည်းကောင်း ၂၀၁၂ ဆယ်လပိုင်းက ထွက်ရှိခဲ့သော Version ကို 12.10 ဟုလည်း
ကောင်း Version Number သတ်မှတ်ထားပါသည် ။ ယခု နောက်ဆုံး ထွက်ရှိသော Version မှာ
13.04 ဖြစ်ပြီး Code Name မှာ Raring Ringtail ဖြစ်ပါသည် ။
! Long Time Support ( LTS ) Version များကိုတော့ ၂ နှစ် တစ်ခါ ထွက်ရှိလျှက်ရှိပါသည်
။ နောက်ဆုံး LTS Version မှာ 12.04 ဖြစ်ပါသည် ။

Ubuntu မှာ Code Name တွေကို အကောင် တစ်ကောင်ရဲ့ နာမ၀ိသေသန +
အကောင်ရဲ့ နာမည် ကို တွဲပြီးပေးလေ့ရှိပါတယ် ။ ဥပမာ . Raring Ringtail
( 13.04 ) . Quantal Quetzal ( 12.10 ) အစရှိသဖြင့်ပေါ့ ။


လူတော်တော်များများက Ubuntu အကြောင်းကိုပြောတဲ့အခါမှာ Windows နဲ့ နှိုင်းယှဉ် ပြီး
ပြောပြစေချင်ကြပါတယ် ။ ကျွန်တော်ကတော့ Windows ဟာ Ubuntu လောက် မကောင်းဘူး
Ubuntu ဟာ Windows ထက် ကောင်းတယ်လို့ ပုံသေကြီးမပြောချင်ပါဘူး ။ သူ့ အားသာချက်နဲ့
သူ အသီးသီးရှိနေကြတာပါပဲ ။ ဒါပေမယ့် Ubuntu က ဘာတွေ ပို ကောင်းလဲ ? ဘာတွေ ပို
အားသာချက်ရှိသလဲ ဆိုတာတော့ ပြောပြပါ့မယ် ။

Ubuntu Desktop
Desktop နဲ့ Laptop တွေအပြင် Netbook တွေအတွက်ပါ Design ဆွဲပြီး အခမဲ့ ဖြန့်ချီပါတယ် ။
Hardware တွေအတွက်တော့ 256 RAM နဲ့တောင် အလုပ်လုပ်နိုင်ပါတယ် ။
Ubuntu Server Ubuntu Server Editionကတော့ Server တွေ အတွက်သီးသန့် Design ဆွဲ ထုတ်လုပ်
ထားတာဖြစ်ပြီး Defaultအနေနဲ့တော့ Graphical UserInterface ကို Install လုပ်ပေး
ထားခြင်းမရှိပါဘူး ။
Ubuntu TV
TV For Human Beings ဆိုပြီး 2012 ခုနှစ် Consumer Electronics Show မှာ Canonical က
စတင် မိတ်ဆက်ခဲ့တဲ့ Smart TV ဖြစ်ပါတယ် ။ Ubuntu TV မှာ နာမည်ကျော်ကြားတဲ့ Internet
Services တွေကို ချိတ်ဆက်ပေးထားတဲ့အပြင် Android , iOS နဲ့ Ubuntu သုံး Mobile Devices
တွေ နဲ့လည်း ချိတ်ဆက်နိုင်အောင် ပြုလုပ်ပေးထားပါတယ် ။
Ubuntu Touch
Ubuntu Touch ကတော့ ၂၀၁၃ ဇန်န၀ါရီလမှာ Smartphone တွေနဲ့ Tablets တွေအတွက်
ထုတ်လုပ်ထားတဲ့ OS တစ်ခုဖြစ်ပါတယ် ။ ၂၀၁၃ မှာ Q4 , ၂၀၁၄ မှာ Q2 ထွက်ရှိဖို့ မျှော်လင့်ထား
ပါတယ် ။ ပထမဆုံး Versionကိုတော့ Galaxy Nexus မှာအသုံးပြုနိုင်မှာဖြစ်ပါတယ် ။
Ubuntu Touch မှာ User ဟာVoice Command နဲ့ အသုံးပြုနိုင်အောင်ပါ ပြုလုပ်ထား ပါတယ် ။
Ubuntu Touch ရဲ့ Previewကိုတော့ Ubuntu ရဲ့ YoutubeChannel မှာ ကြည့်ရှုနိုင် ပါတယ် ။

Edubuntu
Edubuntu ဆိုတာကတော့ Ubuntu ရဲ့ Education
Edition ဖြစ်ပါတယ် ။ Edubuntu ဟာ ဆရာ၊ ဆရာမတွေ ကျောင်းသားတွေနဲ့ ပညာရေးဆိုင်ရာ
နယ်ပယ်ကလူတွေ အတွက် အဓိက ဦးတည်ဆောင်ရွက်တဲ့ Project တစ်ခုဖြစ်ပါတယ် ။

Kubuntu
Kubuntu ဆိုတာကတော့ Ubuntu ကို Default Unity Desktop Environment အစား KDE
Desktop အသုံးပြုထားတဲ့ Edition တစ်ခုဖြစ်ပါတယ်သူဟာလည်း Ubuntu ထွက်တဲ့ Schedule အတိုင်း
ထွက်ရှိပါတယ် ။

Lubuntu
Lubuntu ဆိုတာကတော့ LXDE Desktop Environment ကို အသုံးပြုထားတဲ့ Ubuntu
Edition ဖြစ်ပြီး သူ့ရဲ့ အားသာချက်ကတော့အလွန်တရာ ပေါ့ပါး မြန်ဆန်ခြင်းဖြစ်ပါတယ် ။
ဒါကြောင့် Netbook နဲ့ Mobile Devices တွေအတွက် အထူးသင့်တော်ပါတယ် ။


Mythbuntu
Mythbuntu ဆိုတာ MythTV Media Center Software နဲ့ ချိတ်ဆက်ပြီး Media အတွက်
အဓိကထား ထုတ်လုပ်ထားတဲ့ Ubuntu Edition တစ်ခုဖြစ်ပါတယ် ။ သူ့မှာ Ubuntu မှာ ပါဝင်တဲ့
Software တွေ Install လုပ်ထားခြင်းမရှိပါဘူး ။


Ubuntu Studio
Ubuntu Studio ဆိုတာကတော့ Multimedia သမားတွေအတွက် အထူးပြု ထုတ်လုပ်ထားတဲ့
Edition တစ်ခုဖြစ်ပါတယ် ။ ပထမဆုံး Versionကို Ubuntu 7.04 ကို အခြေပြုပြီး ၂၀၀၇ မေ
၁၀ ရက်နေ့က စတင် ထွက်ရှိခဲ့ပါတယ် ။


UbuntuKylin
UbuntuKylin ဆိုတာကတော့ Ubuntu ရဲ့တရားဝင် Chinese Version ဖြစ်ပြီး ၂၀၁၃ မှာ
စတင်ထွက်ရှိခဲ့ပါတယ် ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသိပ္ဗံ နဲ့ဝန်ကြီးဌာန နဲ့ Ubuntu တို့
သဘောတူညီမှုအပြီးမှာ တရုတ်နိုင်ငံ Market အတွက် ထွက်ရှိလာတာဖြစ်ပါတယ် ။


Xubuntu
Xubuntu ဆိုတာကတော့ XFCE Desktop Environment အတွက် ထွက်ရှိထားတဲ့
Edition ဖြစ်ပြီး သူကတော့ Low Memory တွေမှာ အလုပ်လုပ်နိုင်ဖို့ အဓိက
ဦးတည်ချက်ထားပါတယ် ။

Edubuntu Official Website : http://www.edubuntu.org
Lubuntu Official Website : http://www.lubuntu.org
Kubuntu Official Website : http://www.kubuntu.org
Mythbuntu Official Website : http://www.mythbuntu.org
UbuntuKylin Official Website : http://www.ubuntukylin.com
Xubuntu Official Website : http://www.xubuntu.org





1.Free and Open Source
Ubuntu 13.04 Beginner Guide 17!! ကျွန်တော့် အနေနဲ့ ပြောရရင် Free and
Open Source ဆိုတာ အရမ်းအရေးပါတဲ့နေရာမှာ ရှိသလို အရမ်း အရေးမပါတဲ့
နေရာမှာလည်း ရှိပါတယ် ။ ဘာလို့အရေးမပါသလဲ ဆိုရင် တကယ်သာ ကောင်း
နေမယ်ဆိုရင် Free မဟုတ်လည်း ကျွန်တော်တို့အသုံးပြုမှာပါ ။ အလကားရလည်း Open
Source ဖြစ်သော်ငြားလည်း မကောင်းရင်အသုံးမ၀င်ရင် ကျွန်တော်တို့ အသုံးပြုမှာ မဟုတ်ပါဘူး ။
 ဒါဆို ဘယ်လိုနေရာမှာ အရေးပါသလဲဆိုရင်တော့ Windows ခွေ ဒေါ်လာ ၂၀၀ ကျော် တန်အစား အခမဲ့ရပြီး အလွန်ကောင်းမွန်တဲ့ OSတစ်ခုရမယ်ဆိုရင် ကျွန်တော်တို့ ဒေါ်လာ ၂၀၀ တန် ကို အသုံးပြုမှာမဟုတ်ပါဘူး ။ ဒါ့အပြင် ပြုပြင်ပြင်ဆင်ခွင့်ပါရဦးမယ်ဆိုရင်တော့ အသုံးပြုသင့်တဲ့အထဲမှာပါဝင်လာပါတယ် ။ ဒါဆိုရင် ဒီအခမဲ့ရတဲ့
Ubuntu ကကော ဘာတွေ ကောင်းမွန်သလဲဆိုတာ ဆက်ကြရအောင် ။

Operation Speed
Ubuntu စ သုံးပြီဆိုတာ နဲ့သိသိသာသာ သတိထားမိလာတာကတော့Operation Speed ဖြစ်ပါတယ် ။ Windowsနဲ့ ဘာမှမဆိုင်အောင် သိသိသာသာမြန်ဆန်လာပြီး Not Responding ဆိုတာ
မတွေ့ရလောက်အောင်ပဲမြန်ဆန်တာတွေ့ရှိရပါလိမ့်မယ် ။

Virus
Linux မှာ Virus မရှိဘူးလို့ ထင်နေကြတာ တကယ်တော့ မှားပါတယ် ။ Linux မှာ Virus
မရှိတာ မဟုတ်ပါဘူး ။ Virus နည်းတာပါ ။ ဘာကြောင့် Virus နည်းလဲ ? ဘာကြောင့်လဲဆိုရင်
Windows က Virus တွေ အလုပ်မလုပ်လို့ပါ ။ တကယ်တော့Virus ဆိုတာ Computer System တစ်ခုကို ဖျက်ဆီးဖို့ တည်ဆောက်ထားတဲ့ Computer Program တစ်ခုဖြစ်ပါတယ် ။
ဒါကြောင့် Windows ကို တိုက်ခိုက်ဖို့ ပြုလုပ်ထားတဲ့ Virus ဟာသူနဲ့ System တည်ဆောက်ပုံခြင်း မတူညီတဲ့ Linux မှာ အလုပ်မလုပ်ခြင်းပါ ။ Linux မှာWindows ထက် သူ့ကို ဦးတည် တိုက်ခိုက်မယ့် Virusအရေအတွက် အလွန် နည်းပါးခြင်းကြောင့် Linux ဟာ Virusနဲ့ပတ်သတ်ရင် မေ့ထားနိုင်တဲ့ အခြေအနေမှာရှိပါတယ် ။

Hardware Requirement
! Ubuntu မှာ Hardware Requirement ဟာ Windows ရဲ့ Hardware Requirement
တောင်းဆိုချက်ထက် အများကြီးနိမ့်ပါတယ် ။ အောက်မှာ နှိုင်းယှဉ်တာကို ကြည့်နိုင်ပါတယ် ။
OS                       Processor                      RAM                          HardiskSpace
Windows              1GHz or faster                  1 GB                             16 - 20 GB
Linux                   700 MHz                          512 MB                           5 GB

Hardware Supports
မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ Linux ရော Ubuntu ဟာ Windows ထက် Hardware Support အများကြီး တောင့်တင်းပါတယ် ။ Ubuntu တင်ပြီးရင် Driver ထပ်တင်ဖို့လိုတယ် ဆိုတာ အလွန်တရာ ရှားပါးပါတယ် ။


User Interface
Ubuntu ရဲ့ ဆွဲဆောင်မှုရှိတဲ့ Features တွေထဲမှာ User Interface လည်း
အပါအ၀င် ဖြစ်ပါတယ် ။ လှပတယ် ။ ရိုးရှင်းတယ် ။ ဆွဲဆောင်မှုရှိတယ် ။ Ubuntu ရဲ့ User
Interface ကို နောက်အခန်းတွေမှာ သေသေချာချာရှင်းလင်းဖော်ပြပေးသွားပါ့မယ် ။

Ubuntu မှာ Version တွေရဲ့ Code Name တွေကို A-Z အဆင်အလိုက်ပေးပါတယ် ။ ဥပမာ 11.10 Oneiric Ocelot ဆိုရင် O . သူ့နောက်ထွက်တဲ့12.04 ဆိုရင် Precise Pangolin ( P ) ပါ ။ အခုထွက်တဲ့ 13.04 ကတော့ RaringRingtail ( R ) ဖြစ်ပြီး အခုထွက်တဲ့ 13.10 ကတော့ Saucy Salamander
( S ) ဖြစ်ပါတယ် ။


Software Center
Ubuntu အသုံးပြုသူတိုင်း နှစ်ခြိုက်ကျတဲ့ အထဲမှာ Software Center လည်း ပါဝင်ပါတယ်
။ Software Center ဆိုတာ ဘာလဲဆိုရင် မိမိ နှစ်သက်ရာ အလိုရှိရာ Software တွေကို
Category အရသော်လည်းကောင်း Search တွင် ရှာခြင်းဖြင့်သော်လည်းကောင်း ရှာဖွေပြီး
Internet ကနေ တိုက်ရိုက် Install လုပ်နိုင်တဲ့ Software တစ်ခုဖြစ်ပါတယ် ။ Ubuntu Software
Center မှာ Free and Open Source Software တွေအပြင် Paid ( အခပေး ) Software
တွေကိုပါ ရရှိနိုင်ပါတယ် ။


ယခု လက်ရှိ Mobile OS တွေထဲမှာလူသုံးအများဆုံး နံပတ် ၁ ဖြစ်နေတဲ့Android ဟာလည်း Linux Kernal ကိုအခြေပြုထားတာ ဖြစ်ပါတယ် ။

တကယ်လို့ Linux Distro တစ်ခုဟာ သိပ်ကောင်းလွန်းလို့ စပြီး အသုံးပြုကြည့်မယ်
ဆိုရင်တောင် New User အတွက် သိပ်ကို ခက်ခဲပါလိမ့်မယ် ။ Google မှာ ရှာရင်တောင်
အသုံးအနှုန်းတွေနဲ့ မရင်းနှီးတဲ့အတွက် ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး ။
ဒါကြောင့် Communtiy ဆိုတာ သိပ်စကားပြောပါတယ် ။ Ubuntu ဟာ Linux Distro အဆင့်မှာ
အဆင့် ( ၃ ) ပဲရှိပေမယ့် Online Community အရရော Offline Community အရပါ တခြား
Distro တွေ ထက် သိသိသာသာကြီး တောင့်တင်းခိုင်မာပါတယ် ။


Ubuntu Myanmar LoCo Team
Ubuntu Myanmar LoCo Team နဲ့ ပတ်သတ်လို့ပြောရရင် ကျွန်တော့်ကို Ubuntu စွဲစွဲမြဲမြဲ
အခက်အခဲမရှိ သုံးဖြစ် သုံးနိုင်အောင် ကူညီခဲ့တာUbuntu Myanmar LoCo Team ပါ ။ Ubuntu
Myanmar LoCo Team ဟာ Ubuntu ရဲ့ တရားဝင်အသိအမှတ်ပြု အာရှ Zone က LoCo Team
ထဲမှာပါဝင်ပါတယ် ။ Ubuntu နဲ့ ပတ်သတ်ပြီး ပွဲတွေကိုအခါအားလျော်စွာ မန္တလေး ရန်ကုန် မြို့တို့မှာ
ပြုလုပ်နေတဲ့အပြင် အမြို့ မြို့ အနယ်နယ်က Barcampတိုင်းမှာလည်း Ubuntu နဲ့ပတ်သတ်ပြီး ဗဟုသုတများဖြန့်ဝေလျှက် ရှိပါတယ် ။

                                         Ubuntu Myanmar LoCo Team


                 နောက်အခန်းတွေမှာ ဘယ်လိုအင်စတောလုပ်ရလဲဆိုတာကို ထပ်ပြီးရေးသားဖော်ပြ
ပေးသွားပါမယ်။

                                               MM-Ubuntu.blogspot.com


Newer Post Home
ရန်ကုန်သား(နည်းပညာမြို့တော်). Simple theme. Powered by Blogger.