1 Click Download [Yangonthar]

How to Install Ubuntu !!!

ကျွန်တော်အခု Unbutu Install လုပ်နည်းကိုပြောပါမယ်။ ဒါက မိမိဝင်းဒိုးပေါ်မှာ install လုပ်တာပါ။
install လုပ်နည်းတွေအမျိုးမျိုးရှိကြပါတယ်။ ဥပမာ မိမိမှာအရင် Windows 7,8,XP အစရှိသည်ဖြင့်ပေါ့
ရှိနေတဲ့ windows ပေါ်မှာနောက်ထပ် Drive တစ်ခုခွဲပြီး Doul boot ခွဲတင်တာပေါ့။ ကိုယ်ကြိုက်တဲ့
ဟာကိုအသုံးပြုတဲ့သဘောမျိုးပေါ့။ အခုတင်ပြပေးတာကတော့ ရိုးရိုးပါပဲ မိမိ windows ပေါ်မှာ Ubuntu
ကို Install လုပ်တာပါ။ နောက်ပိုင်းကြရင် ခုနပြောသလို Doul boot တင်နည်းတွေဆက်လက်တင်ပြပေး
သွားပါမယ်။


How to Install Ubuntu

ကျွန်တော်တို့ Unbuntu ကို Install လုပ်ဖို့ CD, or burn to USB Disk တစ်ခုခုကိုအသုံးပြုရပါမယ်။
အခွေဖြင့် Burn မယ်ဆိုရင်တော့ Ubuntu iso  ကြိုက်ရာကိုအရင်ဒေါင်းလိုက်ပါ။ ပြီးရင် အခွေထဲ Buru
ထည့်ဖို့ Burn Software တစ်ခုခုကိုဒေါင်းလိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်...

Get started:
Ubuntu အခွေကိုစက်ထဲထည့်ပြီး Restart လုပ်ပါ။ အရင်ဝင်းဒိုးတင်တဲ့အတိုင်း မိမိ ကီးဘုတ်ဆိုင်ရာကို
နှိပ်ပြီး boot first  BIOS မှာ CD or USB ရွေးပြီး တင်ပါမယ်။
language ကိုတော့ English  ပြီးရင် “Install Ubuntu”ဆိုတာကိုနှိပ်ပါ။


 ဒီအဆင့်မှာတော့ “Downloads update while installing” နဲ့ “install this third-part software”
ကအမှန်ချစ်တွေဖြုတ်လိုက်ပါ။ ဆော့စ်ဝဲတွေကို တစ်ခါတည်း Update လုပ်ဖို့ပြောတာပါ နောက်မှ
လုပ်မယ်ဆိုတဲ့သဘောနဲ့ ဖြုတ်ထားတာပါ။ ၀င်းဒိုးညာဘက်ထောင့်အပေါ်မှာ အပေါ်အောက်မျှားလေး
ကိုနှိပ်လိုက်ပြီး ကွန်နရှင်ကို ခဏပိတ်ထားလည်းရပါတယ်။ပြီးရင် Continue ပါပဲ။

ဒီအဆင့်မှာတော့အေးအေးဆေးဆေးရွေးပါမယ်။ အပေါ်ဆုံးကတော့" Install Ubuntu alongside
Windows 7"ဆိုတာကတော့ မိမိအရင်ရှိနေတဲ့ ၀င်းဒိုးပေါ်မှာပဲ နောက်ထပ် Ubuntu ကိုထပ်ပြီးခွဲတင်တာပါ
"Replace Windows 7 with Ubuntu " ဆိုတာကတော့ မိမိမှာအရင်ရှိနေတဲ့ အဟောင်းကိုဖျတ်ချပြီး
သူ့နေရာမှာ လက်ရှိ Ubuntu ကိုတင်တာပါ။ ’Something else’ ဆိုတာကတော့ နောက်ထပ်
partition table တွေထပ်ခွဲတာပါ။

 /dev/sdb, /dev/sdc, အစရှိသည်ဖြင့်ပါနောက်ပိုင်းခွဲနည်းတွေထပ်တင်သွားမှာပါ။
အိုကေ အဆင့်တွေပြီးရင်တော့ ကျွန်တော်တို့ Install Now နဲ့ဆက်သွားပါမယ်။


Select your location
ဒီမှာတော့ မိမိ location ကိုရွေးပါမယ်။ မိမိနေတဲ့နေရာကို မောစ့်လေးနဲ့နှိပ်လိုက်ပါ။ ဒီအဆင့်မှတော့
 internet  connected ဖြစ်ဖို့အတွက် top-right-hand corner မှ network ဆိုတာကိုနှိပ်လိုက်ပါ။


Select your preferred keyboard layout
language option မှာ မိမိကြိုက်ရာ  Keyboard Layout  ကိုရွေးပါ။



Enter your login and password details
မိမိနာမည်ကိုထည့်ပေးပါမယ်။ ပြီးရင် Password ကိုမှတ်မိလွယ်တဲ့ ဟာထည့်ပေးပါ။ နောက်ပိုင်း
Software တွေ Install လုပ်တိုင်း ဒီ pass ကိုပဲအသုံးပြုရမှာပါ။ အောက်မှာတော..
မိမိ ကွန်ပြူတာကိုဝင်တိုင်း Password ထည့်ပြီးဝင်ချင်ရင် Require my password to log in ကိုရွေး
လိုက်ပါ။ ဒါမှာမဟုတ် ဒီတိုင်းပဲဝင်ချင်တယ် pass မခံချင်ရင်တော့ အပေါ်က Log in automatically ကို
နှိပ်လိုက်ပါ။ ပြီးရင် Continue နဲ့ဆက်သွားပါမယ်။


Ubuntu One
Ubuntue One မှာတော့ နောက်ထပ်လုပ်ခွင့်တွေရှိပါတယ်။ ဖိုင်တွေကို 5GB ထိသိမ်းထားနိုင်ပါတယ်။
ပြထားတဲ့အတိုင်း မိမိ Email ကိုထည့်ပါ။ ပြီးရင် Pass ကိုထည့်ပါ။ ပြီးရင် ဆက်သွားပါမယ်။


Ubuntu while system installs
ဒါကတော့ install လုပ်နေတာပါ။ ခဏစောင့်နေရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်ပါအုန်း။


That’s it.
ဒီအဆင့်မှာတော့ computer restart လုပ်ပါမယ်။ Restart Now ကိုနှိပ်ပါ။ ပြန်တက်လာရင် Ubuntu ရဲ့
လှပတဲ့ Screen ဒီဇိုင်းလန်းလန်းလေးကိုမြင်တွေ့ရမှာပါ။



အားလုံးပဲ လာရောက်လလည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကြော်ငြာလေးတစ်ချက်လောက်ကလစ်ခဲ့ပါချစ်သူငယ်ချင်းတို့ရေ.....

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

                                   MM-Ubuntu.blogspot.com

Newer Post Older Post Home
ရန်ကုန်သား(နည်းပညာမြို့တော်). Simple theme. Powered by Blogger.